Breaking News
Loading...
Wednesday, June 5, 2013

Info Post


Chrome ဆိုရင် Google ကနေထုတ်တဲ့ Internet Web Browser လို့ သိကြပါတယ်။ အချိန်တိုအတွင်း အောင်မြင်မှုရခဲ့တဲ့ Browser တစ်ခုလည်း ဖြစ်ပါတယ်။ သို့သော် Chrome ရဲ့ အမည်နဲ့ ကျော်ကြားမှုကို အသုံးချပြီး Virus တွေ Trojan တွေလဲ ပြန့်ပွားခဲ့သလို အဲဒီ Virus တွေ လည်း ဆိုးကျိုးပေးမှုနဲ့ နာမည်ကျော်ခဲ့ပါတယ်။ Private Cam ဆိုတဲ့ အမည်ဖြစ်စေ၊ Chrome.exe ဆိုတဲ့အမည်ကို ဖြစ်စေ မကြားဖူးသေးတဲ့လူ မရှိသလောက်ပါပဲ။ Funny Virus နဲ့ ဆင်တူဖြစ်ပေမယ့် Chrome Virus ကတော့ Social IM တွေကိုပါ အသုံးချတဲ့အတွက် USB Stick တွေ camera တွေ MP3, MP4 တွေလောက်ကနေပဲကူးတဲ့ Funny Virus ထက် ပိုမိုကူးစက်နှုန်းမြန်ပါတယ်။
Chrome Virus တက်ပြီဆိုရင်
Chrome Virus က ပုံမှန် Virus တွေလိုပဲ ကူးစက် လွယ် ပြန့်ပွားရုံတင် မကပါဘူး။ Google Talk, Yahoo Messenger, MSN တွေကနေလဲ Virus နေရာရဲ့ Link တွေကို ပေးခြင်းဖြင့် မသိတဲ့လူတွေ Link ကိုနှိပ်မိရုံဖြင့် Virus ကို ကူးစက်စေပါတယ်။ ကိုယ့်စက်မှာ Virus ရှိနေရင်လဲ ရှိနေတဲ့ Yahoo Messenger, Gtalk နဲ့ MSN ကနေ ဒီလို Message တွေပို့ပါတယ်။ Gtalk ပိတ်ထားရင်တောင် Message Box ပွင့်ပွင့်လာပါတယ်။ Remember Login လုပ်ထားရင် Auto ၀င်ပြီး Message တွေ ပို့နိုင်ပါတယ်။
I am 23 Female Delhi(India)
Your asl please?
Waiting for you, view my private cam via secured connection http://h1.ripway.com/db8/privateCam_v0.1.exe
How are you dear?
what are you doing?
View my private cam via secured connection http://h1.ripway.com/db8/privateCam_v0.1.exe
View my webcam (private secured connection using privateCam) http://h1.ripway.com/db1/privateCam_v0.1.exe
22 F India
and you?

ဒါက အရင်တုန်းကပါ။ အချို့ Version တွေမှာတော့ ဒီလိုပို့ပါတယ်။
yes
who is there?

Hey Please help me to test my new cam, (use “poo213” as passcode) http://hamtumdb2. info/privateCam_v3.5.exe
ဒါမှမဟုတ်
Hey Please help me to test my new cam application http://h1.ripway.com/db0/privateCam. exe
အဲဒီ Link တွေကို Click မိတာနဲ့ Virus ကူးစက် နိုင်ပါတယ်။ Message တွေကတော့  မတူပါဘူး။ တချို့က Link ပါ ပို့တယ်။ အချို့ကိုတော့ မိတ်ဆက်တယ် india ကပါ ဆိုပြီး။
Task Manager, Folder Option, Registry Editor တွေ ဖွင့်လို့ မရတော့ပါဘူး။
Drive တွေဖွင့်လို့ရမှာ မဟုတ်ပါဘူး။ (အချို့ Version များတွင် ဖွင့်နိုင်သည်။)
Virus တို့ရဲ့ထုံးစံအတိုင်း စစတွေ့ခြင်းမှာ ဘယ် Anti-Virus မှ မနိုင်ပါဘူး။ နောက်ပိုင်း Kaspersky နဲ့ NOD32 ရဲ့ Removal တွေသုံးရင် ဖျက်ပစ်နိုင်လာပါတယ်။ သို့သော် Virus ကိုက်ပြီးမှ Anti-Virus တင်ဖို့ဆိုတာ ခက်ခဲပါ တယ်။ ဒီတော့ ကျွန်တော်တို့ Anti Virus မတင်ရသေးတဲ့ စက်တွေမှာ Chrome Virus တက်ရင်ပဲဖြစ်ဖြစ် Chrome  ကို မနိုင်တဲ့ Anti-Virus တင်ထားရင်ပဲဖြစ်ဖြစ် ကိုယ်တိုင် Manual သတ်နိုင်အောင် လက်တွေ့ပုံစံ ရေးပေးလိုက် ပါတယ်။
Chrome Virus သတ်မယ်ဆိုရင်
ပထမဆုံး Gtalk နဲ့ Yahoo Messenger, MSN  တွေကို အကုန်ပိတ်ပစ်လိုက်ပါ။
ပြီးရင် Hidden ဖြစ်နေတဲ့ဖိုင်တွေအတွက် RRT (Remove Restrictions Tool) သုံးပြီး Folder Option တွေ ပြန်ဖော်ပါမယ်။ RRT ကို မေတ္တာလက်ဆောင် Application CD ထဲမှာ ထည့်ပေးထားပါတယ်။ RRT ကို Run လိုက်ရင် လောလောဆယ် ပြောင်းလဲနိုင်တဲ့ option တွေကို ရွေး ချယ်နိုင်မှာ ဖြစ်ပါတယ်။ Folder Hidden Option, Regestry Editor နဲ့ Task Manager ကို ရွေးချယ်ရပါမယ်။
ပြီးရင် Hidden Folder တွေကို ဖော်ပေးလိုက်ပါ။ Explorer > Tools > Folder Option> View Tab > မှာ Show Hidden File and Folder ကို ရွေးပေးပြီး Hide Protected Operation System file (Recommand) ကို ခဏ အမှန်ချစ်လေး ဖြုတ်ထားလိုက်ပါ။
Chrome Virus ဖိုင်တွေကို ဖျက်ပစ်ပါမယ်။ Virus အဓိကရှိတဲ့ နေရာတွေကတော့ %SystemDrive% နဲ့ %Windir% မှာပါ။ %SystemDrive% ဆိုတာကတော့ C: မှာ Windows တင်ထားရင် C: ကိုဆိုလိုတာဖြစ်ပြီး D: မှာတင်ထားရင် D: Drive ကို ဆိုလိုတာပါ။ %Windir% ကတော့ Windows တင်ထားတဲ့နေရာကိုညွန်းတာပါ။ ပုံမှန်ဆိုရင်တော့ C:\Windows\ ကိုဆိုလိုပါတယ်။
သို့သော် တင်ထားတဲ့ နေရာပေါ်မူတည်ပြီး D:\Windows ဖြစ်နေ နိုင်သလို ၂ခုသုံးခုခွဲတင်ထားရင် C:\Windows.0 နဲ့ C:\Windows.2 စသဖြင့် ရှိနေနိုင်ပါတယ်။
အဲဒီ Virus တွေကို ဖျက်တဲ့အခါမှာ Access Denied ပေါ်ပြီး ဖျက်မရ ဖြစ်တတ်ပါတယ်။ အဲဒီအတွက် Unlocker နဲ့ unlock လုပ်ပြီးမှ Delete လုပ်ရပါမယ်။ ပြီးရင် system32 ဆိုတဲ့ Folder အောက်က Autorun.ini ဖိုင်ကိုလည်း ရှာပြီး ဖျက်ပစ်ရပါမယ်။
ပြီးရင် အခြား Drive တွေထဲက Virus တွေကိုလည်း ဖျက်ပစ်ရပါမယ်။ C: D: E: နဲ့ MP3, MP4, Memory Stick တွေထဲမှာရှိတဲ့ Virus တွေပေါ့။ Chrome.exe, New Folder.exe, autorun.inf ဆိုပြီး သုံးဖိုင်လောက် ရှိတတ် ပါတယ်။
ဒီအဆင့်အတွက် ရေးထားတဲ့ BAT ဖိုင်ရှိပါတယ်။ အကုန်လုံးကို တစ်ခါတည်း ဖျက်ပစ်နိုင်ပါတယ်။ ဒီထဲမှာ G: အထိပဲ ပြထားပါတယ်။ ကိုယ့်မှာ ရှိတဲ့ Drive Letter တွေ ထည့်ပေးနိုင်ပါတယ်။
ဒါကို notepad မှာရိုက်ပြီး run.bat နဲ့ သိမ်းပေးပါ။
copy kb.bat C:\
copy kb.bat D:\
copy kb.bat E:\
copy kb.bat F:\
copy kb.bat G:\

start C:\kb.bat
start D:\kb.bat
start E:\kb.bat
start F:\kb.bat
start G:\kb.bat
cls
pause
del /q C:\kb.bat
del /q D:\kb.bat
del /q E:\kb.bat
del /q F:\kb.bat
del /q G:\kb.bat
cls
exit
နောက်ထပ် kb.bat တစ်ဖိုင် ထပ်ရေးရပါမယ်။
@echo off
attrib -h -s -a autorun.inf
attrib -h -s -a chrome.exe
attrib -h -s -a autorun.ini
del /s /f /q autorun.inf
del /s /f /q chrome.exe
del /s /f /q autorun.ini
cls
cd C:\windows\system32
attrib -h -s -a chrome.exe
attrib -h -s -a autorun.ini
attrib -h -a -a setting.ini
cls
exit
kb.bat နဲ့ run.bat ကို တစ်နေရာမှာ ထားပြီး run.bat ကို Double Click လိုက်ရုံပါပဲ။
နောက် Folder အနေနဲ့ကတော့ System Volume Information နဲ့ RECYCLER နှစ်ခု ရှိပါတယ်။ အဲတာတွေ ဖျက်ပေးရပါမယ်။
Startup မှာ ဖျက်ရပါမယ်။
Windows + R နဲ့ Run Box ကိုခေါ်ပြီး msconfig လို့ရိုက်ပါ။ အဲဒီအထဲမှာ Chrome ကိုရှာပြီး ဖြုတ်ပစ်ပါ။ ပြီးရင် Restart ချခိုင်းပါလိမ့်မယ်။ Restart မချပါနဲ့ဦး Registry ကိုပြင်ပြီးမှ Restart ချပါ။
Registry မှာ ၀င်ပြင်မယ်ဆိုရင်
Windows + R ကနေပေါ်လာတဲ့ Run Box မှာ regedit လို့ ရိုက်ပါ။ Registry မှာ
HKEY_LOCAL_MACHINE\SOFTWARE\Microsoft\ Windows NT\CurrentVersion\Winlogon ကို ရှာပြီး နောက်က explorer.exe chome.exe မှာ Double Click ပြီး chrome.exe ကို ဖျက်ပစ်လိုက်ပါ။
ပြီးရင် Windows Restart ချပြီး Virus ရှိမရှိ ပြန် လည် စစ်ဆေးပါ။ ဒါဆိုရင် Chrome Virus ကို ကိုယ်တိုင် Manual သတ်နိုင်ပါပြီ။


0 comments:

Post a Comment