Breaking News
Loading...
Wednesday, June 5, 2013

Info Post


CD ခွေထဲမှာ ထည့်ထားတဲ့ဖိုင်တွေထဲက ကြိုက်တဲ့ဖိုင်ကို ရွေးဖျက်လို့ရတယ်ဆိုတာ သူငယ်ချင်း တို့ယုံပါ့မလား? 

 စီဒီခွေကူးတဲ့အချိန် မရှိတာ့ဘဲနဲ့ စီဒီခွေကို Memory Stick သုံးသလို သုံးလို့ရသွားပြီဆိုရင်ကော။


အဲ့ဒီအကြေင်းလေးမစခင် UDF File System ဆိုတာကို အရင်ပြောပြချင်ပါတယ်။ အရင်တုန်းက စီဒီ ခွေတွေမှာ သုံးတဲ့ File System ဟာ CDFS ဖြစ်ပါတယ်။

အခုတော့ အဲ့ဒီ CDFS  အစား UDF ကိုအသုံးများလာပါပြီ ။ CDFS  နဲ့ UDF ဘာကွာသလဲဆိုတော့  CDFS  ဟာခွေကူးချိန်သက်သက် ပေးရပါတယ်။ ကူးမဲ့ဖိုင်တွေရွေး ရမယ်။
 
ပြီးတော့အကုန်လုံး တပြိုင်နက်ကူးရပါတယ်။


UDF  ကတော့ အဲ့ဒီလိုမဟုတ်ပါဘူး။ ခွေလွတ်ပေါ်မှာ ဖိုင်တွေကို တစ်ဖိုင် ချင်းစီ ထည့်လို့ရမယ်။ ထည့်ထည့်ချင်း Burn မယ်။ ပြီးရင် ထပ်ထည့်ကြည့်။ ထပ် Burn ပေးပါလိမ့်မယ် ။
 
ဆုံးသတ်ကျမှ Session ကိုပိတ်ပေးရပါမယ်။


သြော်တစ်ခုတော့ရိုတယ်နော် အခွေကအသစ်ဖြစ်ရပါမယ် Format ရိုက်ပီးသားမဖြစ်ရပါဘူး အဲ့ဒါ လေးတော့လိုတယ်နော်။


ကျွန်တော် Windows 7 နဲ့စမ်းပြမယ်နော်။

(၁) ပထမဆုံး Drive ထဲကို CD/DVD ခွေလွတ်တစ်ချပ် ထည့်လိုက်ပါ။

(၂)ပြီးရင် ခွေထဲကို ထည့်မယ့် ဖိုင်တွေထဲက ဖိုင်တစ်ဖိုင်ကို ကော်ပီကူးပြီး Driver ထဲကို Paste လုပ်လိုက်ပါ။

(၃)အဲဒီအခါ BOX တစ်ခုပေါ်လာပါလိမ့်မယ် Use a USB Flash Drive ကို ရွေးပြီး OK လုပ်လိုက်ပါ။

(၄) အဲ့ဒီအခါမှာ Windows 7 ဟာအခွေလွတ် ကို UDF File System အနေနဲ့ format ချပါလိမ့်မယ်

(၅) Format ရိုက်ပြီးသွားရင် အစောက ကော်ပီကူးခဲ့တဲ့ဖိုင်ကို Paste လုပ်လိုက်ပါ။ Windows 7 ကအဲ့ဒီဖိုင်ကို ခွေအလွတ်ထဲ ချက်ချင်းထည့်ပေးပါလိမ့်မယ်။

(၆) နောက်ထပ် ဖိုင်တွေကိုလည်း Copy/Paste နည်းသုံးပြီး ခွေလွတ်ထဲကို ထည့်ကြည့်ပါ။

(၇) ပြီးသွား ရင် Driver က Eject ကိုနိုပ်ပြီး အခွေ ထုတ်လိုက်ပါ။ ခွေကချက်ချင်းထွက်လာဦးမှာ   မဟုတ်ပါဘူး။ Windows 7 ကခွေကိုSession  ပိတ်ပါလိမ့်မယ်။အဲဒါလေးခဏစောင့်လိုက်ပါ။

(၈)ပြီးသွားပါပြီ


ဖျက်နည်း

(၁) အဲဒီအခွေကိုပဲ Driver ထဲပြန်ထည့်ပါ ။ခွေထဲက ကြိုက်တဲ့ဖိုင်ကိုရွေးပြီး ဖျက်လိုက်ပါ။            ပျက်သွားပါလိမ့်မယ်။ ကဲ RW ခွေတွေသုံးစရာမလိုတော့ဘူးနော်။


မူရင်းလင့်က ဒီမှာ နော်။


ရေးသားသူ - ကိုတူး

 

0 comments:

Post a Comment