Breaking News
Loading...
Saturday, May 18, 2013

ဘာရယ်တော့ မဟုတ်ဘူးပေါ့ဗျာ။ တတ်ပြီးသားသူတွေ အတွက်ကတော့ ကလေးကစားစရာလိုလေး ဖြစ်နေမလားပဲ။ အခုပြောမယ့် Post လေးက ပိုတိုရှော့ကို စတင်လေ့လာနေသူများအတွက် လွယ်လည်း လွယ်ကူ၊ ပျော်စရာလည်းကောင်း၊ အသုံးလည်း တည့်လိမ့်မယ်လို့ ထင်ပါတယ်။
.

.
စာလုံးတွေကို အရှိန်နဲ့ ရွေ့လျားနေသလို ပုံစံမျိုးလေး ဖန်တီးတာပေါ့။ ဒီအတွက် Adobe Photoshop CS3 ကိုသုံးပြီး ရှင်းထားပါတယ်။
.
ကဲ .. စလိုက်ရအောင်ဗျာ။

New Document တစ်ခုကို 500 px _ 350 px နဲ့ဖွင့်လိုက်ပါတယ်။ ဖွင့်လိုက်တဲ့ ဘက်ဂရောင်းကို အနက်ရောင် လောင်းထားလိုက်ပါတယ်။ နောက် .. ကျနော်က KO KYI NAING ဆိုတဲ့စာလုံးကို အဖြူရောင်နဲ့ ရိုက်လိုက်ပါတယ်။ စာလုံးထူထူကို ရွေးချယ်ရင် ပိုကောင်းပါတယ်။ (ကျနော်ကတော့ Font size = 48, Impact font ကိုသုံးထားပါတယ်။)
.
 
 

.
အခုအချိန်မှာ ညာဖက်ဘေးက Layer plate မှာကြည့်လိုက်ရင် Background layer ရယ် KO KYI NAING ဆိုတဲ့ Type Layer ရယ် နှစ်ခုတွေ့နေရပါမယ်။
.

Type layer ပေါ်ကို တစ်ချက်နှိပ်လိုက်ပြီး အဲဒီ Type Layer .. active ဖြစ်နေတုန်းမှာ ကီးဘုတ်ပေါ်က Ctrl + J ကိုနှိပ်လိုက်ပါ။ Layer ပွားယူတာဖြစ်ပါတယ်။ အခုဆိုရင် KO KYI NAING ဆိုတဲ့ Type Layer ရဲ့ အပေါ်မှာ KO KYI NAING copy ဆိုတဲ့ Layer တစ်ခု ထပ်တိုးနေတာကို တွေ့ရပါမယ်။ စုစုပေါင်း Layer ၃ ခုဖြစ်သွားပါပြီ။
.

.
ပြီးရင် copy layer ပေါ်မှာ မောက်စ်ကို ဖိပြီး အောက်ကိုဆွဲချလိုက်ပါ။ မူလ layer ကအပေါ်၊ copy layer ကအောက် ဖြစ်သွားရပါမယ်။ နောက် .. အပေါ်ရောက်သွားပြီဖြစ်တဲ့ မူလ layer (KO KYI NAING) ရှေ့က မျက်လုံးလေးကို မှိတ်ထားလိုက်ပါ။ ပြီးရင် copy layer ကို active ဖြစ်သွားအောင် တစ်ချက်နှိပ်လိုက်ပါဦး။
.

.
အဲဒီနောက်မှာတော့ ကီးဘုတ်ပေါ်က Ctrl + T ကိုတွဲနှိပ်လိုက်ရင် ကော်ပီပွားယူထားတဲ့ KO KYI NAING ဆိုတဲ့ စာလုံးမှာ ဘောင်လေးခတ်ပြီးနေတာကို တွေ့ရပါမယ်။ ဒီအခါမှာတော့ ကျနော်တို့က အဲဒီဘောင်လေးထဲမှာ Right- click နှိပ်လိုက်ရပါမယ်။ Dialog box လေးတစ်ခုကျလာရင် Rotate 90 CW ဆိုတာကို နှိပ်လိုက်ပါ။ စာကြောင်းလေး ထောင်သွားတာကို တွေ့ရပါမယ်။
.
  


.
စာကြောင်းလေး ထောင်သွားပြီးတဲ့နောက် File > Stylize > Wind ဆိုပြီး ပုံမှာပြထားတဲ့အတိုင်း တစ်ဆင့်ပြီးတစ်ဆင့် နှိပ်လိုက်ရင် Wind dialog box လေးကျလာပါမယ်။ အဲဒီ Box လေးထဲက Method မှာ Wind ကိုယူထားပါ။ Direction မှာတော့ နှစ်သက်ရာယူပါ။ (ကျနော်ကတော့ From the right ကိုယူထားပါတယ်။ ပြီးရင် OK ..နှိပ်ပါ။ အမျှင်တန်းလေးတွေ ထွက်နေတဲ့ စာလုံးပုံစံအဖြစ် မြင်ရပါမယ်။ ဒီထက်ပိုပြီး ရှည်လျားတဲ့ အမျှင်တန်းတွေ လိုချင်ရင်တာ့ ကီးဘုတ်ပေါ်က Ctrl + F ကို တစ်ချက်ချင်း ခေါက်ပေးနေပါ။ စိတ်ကြိုက်ရရင် ရပ်ပေါ့ဗျာ.. ။
.
 
.
စိတ်ကြိုက်ရပြီဆိုရင် Ctrl + T ကိုနှိပ်ပါ။ အမျှင်စာလုံးလေးရဲ့ တစ်ပတ်လည်မှာ ဘောင်လေး ပြန်ပေါ်လာပါမယ်။ ဘောင်ထဲမှာ Right- click နှိပ်လိုက်ရင် Box တစ်ခုကျလာပါမယ်။ အခုတစ်ခါမှာတော့ Rotate 90 CCW ကို ရွေးပြီးနှိပ်လိုက်ပါ။ စာလုံးလေးက အတည့်အတိုင်း ပြန်လည်သွားပါပြီ။
.
အခုလုပ်ရမှာက .. အစဦးပိုင်းမှာ မျက်လုံးမှိတ်ထားခဲ့တဲ့ မူလ layer ကို မျက်လုံးပြန်ဖွင့်လိုက်ပါ။ ပြီးရင် ညာဖက်အခြမ်းက Layer plate ကိုကြည့်လိုက်ပါ။ မူလ layer (KO KYI NAING) က active ဖြစ်နေရပါမယ်။ (အပြာရောင်ဖြစ်နေရပါမယ်။) အဲဒီအပြာရောင်ပေါ်မှာပဲ Double click  ခေါက်လိုက်ပါ။ Layer style ဆိုတဲ့ Dialog box  လေးကျလာပါမယ်။ ဒီနောက် .. Color Overlay ကိုနှိပ်၊ ပုံမှာပြထားတဲ့အတိုင်း စိတ်ကြိုက်အရောင်ရွေး၊ ပြီးရင် OK နှိပ်လိုက်ပါ။
.





.

ကဲ .. ကျနော်တို့ လိုချင်တဲ့ ပုံစံ၊ စာလုံးလေးက အရှိန်နဲ့ ရွေ့နေသလိုလေး ရပါပြီ။ ဒါပေမယ့် ပိုပြီး သဘာဝကျအောင် ကျနော်က Copy layer ရဲ့ Opacity ကို 50% ထိ လျှော့ချလိုက်ပါတယ်။ အခုတော့ ပိုပြီး အဆင်ပြေတဲ့၊ ပိုပြီး သဘာဝကျတဲ့ စာလုံးပုံစံလေးကို မြင်ရပါပြီခင်ဗျာ။
.
 
.
အားလုံးအဆင်ပြေ ချမ်းမြေ့ကြပါစေ
ကိုကြည်နိုင် www.kknaing.com


1 comments:

  1. ကျေးဇူးပါ လေ့လားသွားပါတယ်

    ReplyDelete