Breaking News
Loading...
Wednesday, May 15, 2013

Info Post
 

 ပြည်သူလူထုအားလုံး အလွှာစုံမိုဘိုင်းဖုန်းသုံးစွဲနိုင်ပြီး လှုမှုစီးပွားဘ၀နှင့် ပညာရေး ကျန်းမာရေးဆိုင်ရာ ဆက်သွယ်နိုင်ရန်ရည်ရွယ်၍ ပထမခြေလှမ်းအနေဖြင့် ငွေကျပ် ၁၅၀၀ နှုန်းဖြင့် တန်ဖိုးသက်သာစွာ မိုဘိုင်းဖုန်းသုံးစွဲခွင့် ရရှိခဲ့ကြပြီး ဖြစ်ပါသည်။ အဆင့်ဆင့်ဖြင့် လိုအပ်သည့်ကြီးမားသော လိုအပ်ချက်အတွက် တစ်ဆင့်ပြီး တစ်ဆင့် ဖုန်းလိုင်းအရေအတွက်များ တိုးချဲ့အသုံးပြုနိုင်ရန်ဆောင်ရွက်လျှက်ရှိပါသည်။ ပထမဆုံးအနေဖြင့် အသင့်တည်ဆောက်ပြီးသော CDMA 800MHz 3G စနစ်ကွန်ယက်တွင် အသုံးပြုနိုင်ရန် စီစဉ်ဆောင်ရွက်ပေးခဲ့ပြီး ဖြစ်ပါသည်။ ၀၉ - ၃ ******* ဖြင့်စသော မိုဘိုင်းဖုန်းနံပါတ်များဖြစ်သော SIM Card မှာမှု အရင်နှင့် မတူသော တမူထူးခြားပြိး အရည်အသွေးကောင်းမွန်ကြောင်း ကြည့်ရုံနှင့်ပင် သိရှိနိုင်ပါသည်။ ဆက်သွယ်ပြောဆိုရာတွင် အသံကြည်လင်ပြတ်သားမှုရှိ၍ လူကြိုက်မျာလျှက်ရှိပါသည်။ ထိုအပြင် အင်တာနက်နှင့် You Tube ကြည့်ရာတွင် GSM စနစ်ထက် ပိုမိုမြန်ဆန်ကြောင်း လက်တွေ့ သိရှိရပါသည်။ ယခု ၀၉ - ၃ ******* စနစ်မှာ CDMA 800MHz EVDO Revision A (3G) စနစ်ဖြစ်၍ ယခင် CDMA ကွန်ယက်များထက် နည်းပညာသာလွန်ပြီး အင်တာနက် သုံးစွဲမှုပိုကောင်းပြီး အသံကြည်လင်ပြတ်သားကြောင်း တွေ့ရှိရပါသည်။ အခြားထပ်ဆောင်း ၀န်ဆောင်မှုများကိုလည်း အသုံးပြုနိုင်မည်။ ဟန်းဆက်များမှာလည်း Korea မှာ Samsung ကဲ့သို့ အမှတ်တံဆိပ် CDMA Handest များကို ငွေကျပ် ၃၀၀၀၀ ကျပ်နှုန်းဖြင့် အသုံးပြုနိုင်ပါသည်။ Smart ဖုန်းအသုံးပြုလိုပါက ကွန်ယက်နှင့် ချိန်ညှိထားသည့် Samsung Smart ဖုန်းများကို အသုံးပြုနိုင်ပါသည်။ အဆိုပါ CDMA 800MHz ကွန်ယက်၏ ဖြန့်ကျက် သုံးစွဲနိုင်သော ဧရိယာပမာဏမှာ WCDMA 3G စနစ်ထက် သုံးဆခန့် ပိုမိုကျယ်ပြန့်ပါသည်။ ထိုအပြင် BTS မိုဘိုင်းဖုန်းစက် စခန်းနှင့် ဝေးကွာသော နေရာဒေသများတွင် နေထိုင်သည့် သုံးစွဲမည့်သူများအတွက် CDMA 800MHz စနစ်နှင့် ကိုက်ညီအောင်ချန်ညှိထားသော CDMA Fixed Wireless Phone (အထိုင်ဖုန်း)များဖြင့် အိမ်သုံးကြိုးဖုန်းကဲ့သို့ ထားရှိသုံးစွဲနိုင်ခြင်းသည်ကလည်း သုံးစွဲနိုင်သော ဧရိယာအကွာအဝေးကို ကျယ်ပြန့်စေပါသည်။ နောင်တွင် အမေရိကန်၊ တရုတ်၊ အိန္ဒိယ အစရှိသည့် အိမ်နီးချင်းနိုင်ငံများသို့ မိမိကိုင်ဆောင်သည့် CDMA 800MHz ဖုန်း နံပါတ်များကို သယ်ဆောင်အသုံးပြုနိုင်၍ မိမိအားမိသားစုနှင့် မိတ်ဆွေများက ဆက်သွယ်နိုင်မည်လည်း ဖြစ်ပါသည်။ 

မူရင်းလင်က ဒီမှာ နော်။ 

 ရေးသားသူ - ကိုတူး 

0 comments:

Post a Comment