Breaking News
Loading...
Sunday, May 26, 2013

Info Post






Website က Video တွေကို download ဆွဲပေးမယ့် app ဖြစ်ပါတယ်။
ဒါလေးကို ကျွန်တော် ရှာနေတာ အတော်ကြာပါပြီ။ video downloader တော်တော်များများက youtube က video တွေလောက်ပဲ ဆွဲနိုင်ပါတယ်။ သိပ်အဆင်မပြေကြဘူး။ အခု ကျွန်တော် တင်ပေးလိုက်တဲ့ Web Video Downloader ကတော့ Youtube အပါဝင် website တော်တော်များများက video တွေကို download ဆွဲပေးမှာ ဖြစ်ပါတယ်။ အတော် လန်းတယ်။
အသုံးပြုပုံလေး ရှင်းပြပေးမယ်။

- Web Video Downloader က Browser တစ်ခုပါ။
website လိပ်စာရိုက် .. ကြည့်ချင်တဲ့ video ကို ဖွင့်လိုက်ပါ။

- ညာဘက်အပေါ်ထောင့်က အပျောက်သုံးပျောက်(Menu) ကိုနှိပ်ပါ။
analyze this page ကို နှိပ်လိုက်ပါ။ ဒါဆိုရင် web ပေါ်က video ကို
စတင်ပြီး ရှာဖွေရေး လုပ်ပါလိမ့်မယ်။

- အပျောက်သုံးပျောက် (Menu) ကို ပြန်နှိပ်ပါ။ Download list ကို နှိပ်ပါ။
analyze လုပ်နေတာ မြင်ရပါလိမ့်မယ်။ analyze လုပ်ပြီးသွားရင်တော့
video ကို သူ့အလိုလို download ဆွဲသွားမှာဖြစ်ပါတယ်။

- download ဆွဲပြီးသား video တွေကို sd card အောက်က
download ဆိုတဲ့ folder ထဲမှာ ပြန်ရှာနိုင်ပါတယ်။

ကဲ .. အဆင်ပြေတယ်မလား။ website အများကြီးမှာ အသုံးပြုလို့ရတယ်နော်။ တကယ် လန်းတယ်။ Android 2.2 နှင့်အထက် ဖုန်းများတွင် အသုံးပြုနိုင်ပါတယ်။






မူရင်းလင့်က ဒီမှာ နော်။

ရေးသားသူ - ကိုတူး

 

0 comments:

Post a Comment